အနာဂတ်သာသနာနှင့် အိုင်းစတိုင်း အမြင်
အိုးစတိုင်း၏အဆို-
အနာဂတ်ကာလ၏ ဘာသာတရားကား သဘာဝလောကဓာတ်တခွင်လုံးအတွက် အဖြေပေးနိုင်စွမ်းရှိသော အယူဝါဒတရပ်သာ ဖြစ်လိမ့်မည်။ အနှီဘာသာတရားသည် ပုဂ္ဂလဓိဋ္ဌာန် အယူအဆဖြင့် ဖန်တီးတီထွင် ထားသော ဖန်ဆင်းရှင်ဘုရားနှင့် မသက်ဆိုင်စေသင့်၊ တယူသန် အစွဲအလမ်းများနဲ့ ယင်းတို့မှ ပေါက်ဖွားခဲ့သော ကျိုးကြောင်းဆက်ပညာကိုလည်း ကျော်လွှားလွန်မြောက်ရလိမ့်မည်။ ထိုဘာသာတရားသည် သဘာဝလောကဓာတ် (ရုပ်တရား)နှင့်တကွ ၀ိညာဉ် (အသိ-နာမ်)တရားတို့ကို လွှမ်းခြုံ၍ ဒိဋ္ဌဓမ္မအားဖြင့် အဓိပ္ပါယ်ပြည့်ဝသော ပေါင်းစပ်ညီညွတ်မှုကို ဖော်ဆောင်နိုင်စွမ်းရှိရပေလိမ့်
အိုင်းစတိုင်းသည်ကား ၂၀-ရာစုအစောပိုင်း အဏုမြူစွမ်းအင်ကဏ္ဍ၏ ဖခင်ကြီးပေတည်း။ ရုပ်ဒြပ်တို့သည် အလင်းရောင်၏ အလျင်နှုန်းနီးပါး ခုန်ပျံလှုပ်ရှားပြီဆိုလျှင် ထိုဒြပ်၏ အလေးချိန်ပမာဏနှင့် အလင်း၏ အမြန်နှုန်း နှစ်ထပ်မြှောက်ကိန်းနှင့်ညီမျှေ
သူ့လိုလူမျိုးက အနာဂတ်ဗုဒ္ဓသာသနာအရေးကို မည်သည့်အကြောင်းတရားများကြောင့်
မိမိလူမျိုးအကြောင်း ကောင်းကောင်းကြီး သိတော်မူသော မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသက မြန်မာတို့အတွက် အနာဂတ်သာသနာနှင့်ပတ်သက်၍ များစွာ ကြောင့်ကြတော်မူခဲ့သည်။ သို့သော် ဤအကြောင်းကို သိမည်မဟုတ်သော သိပ္ပံဆရာကြီး အိုင်းစတိုင်းကမူ ဆရာတော်ကြီးအား ဖြေသိမ့်ရန် မည်သို့မျှ ရည်ရွယ်ခဲ့မည်မဟုတ်သော်လည်း သူ၏ဟောကိန်းကမူ မှန်နိုင်ခြေရှိနေ၏။ ယခုခေတ်အခါ ကမ္ဘာမြေအနှံ့ သာသနာခြေဆန့်၍ ထေရ၀ါဒ ဘုန်းတော်ကြီးကျောင်းများနှင့် ၀ိပဿနာတရားရိပ်သာများ ဖွင့်လှစ်တည်ထောင်နိုင်ခဲ့ကြလြေ
ညီညီ (ဘော်တွင်း)
(မြတ်မင်္ဂလာ ၂၀၁၀-ဖေဖော်ဝါရီလ)
No comments:
Post a Comment